သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် စောဒေးဗစ်လားကိစ္စနှင့်ပတ်သက်၍ City Hotel Yangon ၏ ဖြေကြားချက်နှင့် ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဖြေကြားချက် (ရုပ်သံ)
ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားသည့် စောဒေးဗစ်လား Hotel Quarantine အဖြစ်နေထိုင်သည်ဟုသိရသော City Hotel Yangon ကို မေလ (၁၁)ရက်နေ့ညနေပိုင်းနှင့် မေလ (၁၂)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်များ၌ Eleven Media Group မှ သတင်းထောက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့သည့်အသံဖိုင်နှင့် မေလ (၁၂)ရက် ညနေ (၄)နာရီဝန်းကျင်က ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းအား ဆက်သွယ်မေးမြန်းရာ၌ ပြန်လည်ဖြေကြားခဲ့သည်များအား စုစည်းဖော်ပြအပ်ပါသည်။