ကချင်ပြည်နယ်က တစ်ဦးတည်းသော COVID-19 လူနာအမှတ် ၁၄၄ ဆေးရုံးဆင်းပြီး သီးခြား Quarantine နေထိုင်

ကချင်ပြည်နယ်က တစ်ဦးတည်းသော COVID-19 လူနာအမှတ် ၁၄၄ ဆေးရုံးဆင်းပြီး သီးခြား Quarantine နေထိုင်
Published 12 May 2020

''ရောဂါမရှိတော့ဘူးဆိုတော့ အရမ်းပေါ့သွားတယ်။ကျတော်ခံစားရတာကတော့ကိုယ်လက်ထိုင်းပြီး ဖျားချင်တာအရင်ဖြစ်တာ။အသက်ရှူမဝတာတွေ ဖြစ်တယ်။ ဆေးရုံတက်ပြီးနောက်မှ ထူးထူးခြားခြားဖြစ်တာ ဘာမှမရှိဘူး။ ကျန်မာရေးဝန်ထမ်းတွေလည်း ဘာမှမလိုအောင် ကူညီပေးကြတယ်။စားစရာတွေဆိုရင်စားလို့မကုန်ဘူး။အားလုံးကို ကျေးဇူးတင်ပါတယ်။ပိုးတွေ့တဲ့လူနာတွေကိုလည်း ဘာမှ အားမငယ်စေချင်ဘူး။အချိန်တန်ရင် သူ့ဟာသူပျောက်သွားမှာပါ'' ဆေးရုံဆင်းခွင့်ရတဲ့အပေါ် လူနာအမှတ် ၁၄၄ က သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။