မန္တလေးကျောက်ဝိုင်းရှိ အခြေခံ လက်လုပ်လက်စားကျောက်သမား ခြောက်သောင်းကျော်အား ဆန်နှင့်ဆီများ ထောက်ပံ့မည်

မန္တလေးကျောက်ဝိုင်းရှိ အခြေခံ လက်လုပ်လက်စားကျောက်သမား ခြောက်သောင်းကျော်အား ဆန်နှင့်ဆီများ ထောက်ပံ့မည်
Published 11 May 2020

မန္တလေးတိုင်းကျောက်မျက်လုပ်ငန်းရှင်များအသင်းနဲ့ မဟာအောင်မြေကျောက်မျက်ဈေးရှိ လုပ်ငန်းရှင်များတို့ ပူးပေါင်းဦးဆောင်ပြီး မဟာအောင်မြေကျောက်မျက်ဈေး (မန္တလေးကျောက်ဝိုင်း)ရှိ ကျောက်စိမ်းကျောက်မျက်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အခြေခံ လက်လုပ်လက်စား ကျောက်သမား အိမ်ထောင်စု ၁၂၀၀၀ ကျော် လူဦးရေ ၆၀၀၀၀ ကျော်အား ဆန်၊ ဆီနှင့် အခြား ထောက်ပံ့ပစ္စည်းများ ဝေငှပေးသွားမယ်လို့ သိရပါတယ်။