ဗန်းမောက်မြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်ရာမှ ယမ်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
ဗန်းမောက်မြို့နယ်၊ ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီးမှော်မှာ တရားမဝင်ရွှေတွင်းတူးဖော်ရာကနေ ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှုကြပ်ကာ တစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိမှု မေ ၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။