ချောက်မြို့၏အမြင့်ဆုံးအပူချိန်မှာ ၄၈ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပြီး အပူချိန် စံချိန်သစ်တင်ခဲ့ဟု မိုးဇလ တာဝန်ရှိသူပြောကြား
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီထုတ်ပြန်ချက်အရ ချောက်မြို့မှာ ၄၈ ဒီဂရီ စင်တီဂရိတ် အထိ အမြင့်ဆုံးအပူချိန်ရှိခဲ့သလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မုံရွာ၊ မကွေးစတဲ့ မြို့အချို့မှာလည်း အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။