ဧရာဝတီတိုင်းအတွင်း ဖျက်မိုးကြောင့် ဆားကွင်းအချို့ပိတ်သိမ်းခဲ့ပြီး ဆားကြမ်းဈေးကျဆင်းကာ တောင်သူများ အရှုံးပေါ် (ရုပ်သံ)

ဧရာဝတီတိုင်းအတွင်း ဖျက်မိုးကြောင့် ဆားကွင်းအချို့ပိတ်သိမ်းခဲ့ပြီး ဆားကြမ်းဈေးကျဆင်းကာ တောင်သူများ အရှုံးပေါ် (ရုပ်သံ)
Published 2 May 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီလနောက်ဆုံးပတ်မှာ မိုးအနည်းငယ်ရွာသွန်းမှု နေ့စဉ်ရှိလာပြီးနောက် နေလှမ်းဆား လုပ်ကိုင်နေတဲ့ ဆားကွင်းအချို့ပိတ်သိမ်းခဲ့ရပြီး ဆားကြမ်းဈေးနှုန်းတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ကျဆင်းမှုကြောင့် ဆားတောင်သူတွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။