တာချီလိတ်တွင် လူစုလူဝေးမလုပ်ရန်တားမြစ်ထားချိန် သင်္ကြန်ပါတီပွဲလုပ်သဖြင့် တရားစွဲခံထားရသူကို ငွေဒဏ် ကျပ် (၅၀၀၀) ချမှတ်ခဲ့
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လူစုလူဝေးမလုပ်ဖို့တားမြစ်ထားချိန်အတွင်း သင်္ကြန်တွင်းပါတီပွဲပြုလုပ်ခဲ့ သူတွေကို သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေနဲ့ စွဲဆိုထားရာကနေ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေကို ပြောင်းလဲ စွဲဆိုခဲ့ပြီး ငွေဒဏ် ကျပ် (၅၀၀၀) သာ ချမှတ်ခဲ့တယ်လို့သိရပါတယ်။