တရုတ်မှ နယ်စပ်တလျှောက်ပိတ်ထားမှုကြောင့် မန့်ဟီးရိုးမြို့တွင် ပြောင်းဖူးတင်ထော်လာဂျီ အစီး ၄၀၀ ခန့်ပိတ်မိနေပြီး ဈေးနှိမ် ဝယ်ယူမှုများ ရှိနေ(ရုပ်သံ)
တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်၊ မန့်ဟီးရိုးမြို့အတွင်းက နောင်ဖိုင်နဲ့ခါးလှိုင်အတွင်း တရုတ်နိုင်ငံက Covid - 19 ရောဂါ ကျန်းမာရေးအခြေအနေအရ ပိတ်ထားတာကြောင့် မူဆယ်၊နမ့်ခမ်းဒေသထွက် ပြောင်းဖူးတွေ ကူးသန်းရောင်းဝယ်မှုမရှိ တော့ဘဲ ဧပြီလ ၂၇ ရက်နေ့ကစတင်ကာ ပြောင်းဖူးတင် ထော်လာဂျီအစီး လေးရာခန့် ၂ ရက်ကြာ ပိတ်မိနေကာ ဈေးနှိမ်ဝယ်ယူ မှုတွေ ရှိနေတယ်လို့သိရပါတယ်။
■ Zawgyi ဖြင့်ဖတ်ရန်