ချင်းပြည်နယ် ဟားခါးတွင် COVID ပိုးတွေ့ လူနာတစ်ဦးထပ်မံတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၁၅၀ဦး ရှိလာ
ဧပြီလ ၂၈ရက်နေ့ရဲ့ ဒုတိယအသုတ်စစ်ဆေးချက်အရ ပိုးတွေ့လူနာ တစ်ဦးထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့ လူနာစုစုပေါင်း ၁၅၀ဦးအထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၂၉ရက် နံနက် ၇နာရီအချိန်ထုတ်ပြန်ချက်အရသိရပါတယ်။