မတ္တရာမြို့နယ်မှ ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၁၈ ဦး အပါအဝင် မန္တလေးဆေးရုံကြီး၌ တစ်ရက်ထဲ ကွယ်လွန်ခဲ့သော သံသယလူနာ ၇ ဦးတွင် ရောဂါပိုး မတွေ့ရှိဟုသိရ
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် COVID-19 သံသယအဖြစ် စောင့်ကြည့်ကုသနေစဉ် တစ်ရက်ထဲ သေဆုံးခဲ့သည့် လူနာ ၇ ဦးနှင့် မတ္တရာမှ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူ ၁၈ ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း မန္တလေးမြို့တော်ဝန်မှ ဧပြီ ၂၆ ရက် ညပိုင်းတွင် ထုတ်ပြန်ရေးသား ဖော်ပြခဲ့ပါတယ်။