COVID-19 ပိုးရှိသူ ရန်ကုန်တိုင်းမှ ၇ ဦးထပ်တွေ့ခဲ့ပြီး ဧပြီ ၂၃ ရက်တစ်ရက်တည်းတွင် ပိုးတွေ့ရှိသူ ၁၂ ဦးရှိ

COVID-19 ပိုးရှိသူ ရန်ကုန်တိုင်းမှ ၇ ဦးထပ်တွေ့ခဲ့ပြီး ဧပြီ ၂၃ ရက်တစ်ရက်တည်းတွင် ပိုးတွေ့ရှိသူ ၁၂ ဦးရှိ
Published 24 April 2020

 

ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ရဲ့ ဧပြီ ၂၃ ရက်နေ့ ညပိုင်းမှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၆၄) ခုအနက် (၇) ဦးရဲ့ ဓာတ်ခွဲနမူနာများမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဧပြီ ၂၃ ရက်တစ်ရက်လုံးစာအတွက်တော့ စုစုပေါင်း ရောဂါတွေ့ရှိသူ ၁၂ ဦးထိရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ဒီနေ့မနက် ၁၀ နာရီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။