ရခိုင်မှ COVID – 19 သံသယလူနာများ၏ နှာခေါင်း၊အာခေါင်တို့ဖတ်များကိုရန်ကုန်တွင်စစ်ဆေးရန် သယ်လာစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူ WHO ဝန်ထမ်း၏ ဈာပန ပြုလုပ် (ရုပ်သံ)
ရခိုင်ပြည်နယ်အတွင်းက COVID -19 သံသယလူနာတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်တွေကိုရန်ကုန်မှာစစ်ဆေးဖို့ သယ်ဆောင်လာစဉ် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာသေနတ်နဲ့ပတ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ WHO ဝန်ထမ်း ကိုပြည့်စုံ ဝင်းမောင်ရဲ့ ဈာပနကိုပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့၊ ဇီးအုပ်ကျေးရွာသုဿန်မှာဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ ခွဲခန့်က ပြုလုပ်ခဲ့ပါတယ်။