သားကကျန်းမာရေးလိုက်စားသလို နေလဲကောင်းတယ် ၊ Covid-19ရောဂါပိုးNegative ဖြစ်တယ်ကြားလိ့ုစိတ်အေးရပြီဖြစ်ကာမိသားစုအားလုံးလဲနေကောင်းကြပါတယ် လို့ဆိုတဲ့ အဆိုတော်ဇော်ဝင်းထွဋ်ရဲ့မိခင်

သားကကျန်းမာရေးလိုက်စားသလို နေလဲကောင်းတယ် ၊ Covid-19ရောဂါပိုးNegative ဖြစ်တယ်ကြားလိ့ုစိတ်အေးရပြီဖြစ်ကာမိသားစုအားလုံးလဲနေကောင်းကြပါတယ် လို့ဆိုတဲ့ အဆိုတော်ဇော်ဝင်းထွဋ်ရဲ့မိခင်
Published 24 April 2020

 

တေးသံရှင်ထား အမရာဆောင်တွင် Quaratineဝင်လျှက်ရှိသော အဆိုတော်ဇော်ဝင်းထွဋ်ဟာ သူ့ရဲ့ဆေးစစ်ချက်အဖြေမှာ Covid-19ရောဂါပိုးNegative ဖြစ်တယ်လို့ ဒီကနေ့ဧပြီလ ၂၂ရက်နေ့က တေးသံရှင်ဇော်ဝင်းထွဋ်ရဲ့အမေ အဆိုတော်ထားမှ အတည်ပြုပြောကြားခဲ့ပါတယ်။Covid-19ရောဂါ positive ထွက်ရှိခဲ့သည့် နဝရတ်စတူဒီယိုပိုင်ရှင်ကို ဝေထွန်းနဲ့ ခေတ္တတွေ့ဆုံခဲ့မှုကြောင့် မိမိသဘောအရ Quarantine ဝင်ခဲ့တဲ့ တေးသံရှင်ဇော်ဝင်းထွဋ်ရဲ့ကျန်းမာရေးအခြေအနေ ၊ မိသားစုအားလုံးရဲ့ ကျန်းမာရေးအခြေအနေတွေကိုခုလိုပြောပြခဲ့ပါတယ်။