ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် စားနပ်ရိက္ခာဖြန့်ဖြူးသည့်အစီအစဉ်ယနေ့စတင်မည်ဖြစ်ပြီး အစီအစဉ်အောင်မြင်ရေး ဝိုင်းဝန်းကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအတွက် စားနပ်ရိက္ခာဖြန့်ဖြူးသည့်အစီအစဉ်ယနေ့စတင်မည်ဖြစ်ပြီး အစီအစဉ်အောင်မြင်ရေး ဝိုင်းဝန်းကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Published 10 April 2020

နိုင်ငံတစ်ဝှမ်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက် စားနပ်ရိက္ခာကူညီဖြန့်ဖြူးတဲ့အစီအစဉ်ကို ဒီကနေ့ (ဧပြီလ(၁၀)ရက်နေ့) မှာ စတင်မှာ ဖြစ်ပြီး အစီအစဉ်အောင်မြင်ဖို့ ဝိုင်းဝန်းကူညီပေးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။