Black list စာရင်းသွင်းထားသောတရုတ်နိုင်ငံသား ၄၂ ဦးကိုလဝကအက်ဥပဒေပုဒ်မ၇(၁) အရတရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းခဲ့ (ရုပ်သံ)
ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်ခရိုင် မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် နန်းတော်စစ်ဆေးရေးဂိတ်မှာဧပြီလ ၈ ရက် နံနက် ပိုင်းကထိန်းချုပ်ဓါတုပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထားသောတရုတ်နိုင်ငံသား ၄၂ ဦးကိုBlack list စာရင်းရေးသွင်းပြီးလဝကအက်ဥပဒေပုဒ်မ ၇(၁) အရစနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။