အခြေခံလူတန်းစားမိသားစုများအား ရိက္ခာထောက်ပံ့မည့်အစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပူး ပေါင်းဆောင်ရွက်ရန် လွှတ်တော်ဥက္ကဌ ညွှန်ကြား (ရုပ်သံ)
COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အရေးကြီးကာလဖြစ်တဲ့ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လုပ်ငန်းတွေ ရပ်နားထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ပြည်ထောင်စုအစိုးရက ရိက္ခာထောက်ပံ့မယ့် အစီ အစဉ်မှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ဧပြီလ ၇ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေထံ ညွှန်ကြားစာထုတ်ပြန်ခဲ့ တယ်လို့ သိရပါတယ်။