မကွေးတွင် Lockdown ချမည်ဆိုသည်မှာ ကောလဟာလသာဖြစ်ပြီး ခရီးသည်တင်ယာဉ်များ မသွားလာရန်သာ မေတ္တာရပ်ခံ ကန့်သတ်မည် (ရုပ်သံ)

မကွေးတွင် Lockdown ချမည်ဆိုသည်မှာ ကောလဟာလသာဖြစ်ပြီး ခရီးသည်တင်ယာဉ်များ မသွားလာရန်သာ မေတ္တာရပ်ခံ ကန့်သတ်မည် (ရုပ်သံ)
Published 9 April 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကွေးမြို့မှာ Lockdown ချမယ်ဆိုတာဟာ ကောလဟာလသာဖြစ်ပြီး ဧပြီလ ၉ ရက်နေ့ ည ၁၂ နာရီကနေစပြီး ဧပြီ ၁၉ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွေအားလုံးမှာ ခရီးသည်တင်ယာဉ်တွေ မသွား လာဖို့သာ မေတ္တာရပ်ခံကန့်သတ်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွ့ဲ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြုပြော ကြားပါတယ်။