၀န်ထမ်းအများစု COVID-19 စိုးရိမ်နေသော်လည်း ပဲခူးတိုင်းအတွင်းရှိ စက်ရုံများပိတ်သိမ်းရန် မဖြစ်နိုင်သေးဟု တိုင်းဒေသကြီး ဝန်ကြီး ဆို (ရုပ်သံ)
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်သမားအများစုဟာ COVID-19 ကူးစပ်ခံရမှာ စိုးရိမ်တာကြောင့် စက်ရုံတွေ ယာယီ ပိတ်စေချင်ပေမယ့် စက်ရုံ၊အလုပ်ရုံတွေပိတ်သိမ်းဖို့က ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် စက်ရုံတွေ ပိတ်သိမ်းဖို့ မဖြစ်နိုင်သေးကြောင်း ပဲခူးတိုင်းဒေသကြီး သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။
Zawgyi