ဧရာဝတီတိုင်းဒေသကြီးအစိုးရက COVID - 19 ကုသရေးတွင် လိုအပ်သည့်ပစ္စည်းနှင့် အရံရိက္ခာဝယ်ရန် ကျပ်သိန်း ၅၀၀၀ အသုံးပြုမည်

ဧရာဝတီတိုင်းဒေသကြီးအစိုးရက COVID - 19 ကုသရေးတွင် လိုအပ်သည့်ပစ္စည်းနှင့် အရံရိက္ခာဝယ်ရန် ကျပ်သိန်း ၅၀၀၀ အသုံးပြုမည်
Published 5 April 2020

COVID-19 ရောဂါကုသရေးမှာ လိုအပ်တဲ့ပစ္စည်းတွေနဲ့ အရံရိက္ခာဝယ်ယူဖို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရက သဘာ၀ ဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေကနေ ကျပ်သိန်း၅၀၀၀ အသုံးပြုသွားဖို့ ဧပြီလ ၃ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။