ရှမ်းပြည်နယ်တွင် Lockdown လုပ်ခဲ့ပါက ကျပ်သိန်း ၂၈၀၀ ကျော်ရှိ စားနပ်ရိက္ခာများ စုဆောင်းထားဟု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ပြောကြား
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ Lock Down ပြုလုပ်ခဲ့ပါက အခမဲ့ ပေးဝေသွားမယ့် ရိက္ခာတွေအတွက် ငွေကျပ် သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ကုလားပဲ များ အဆင်သင့် စုဆောင်းထားတယ်လို့ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကသိရပါတယ်။