သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်သူများ မိမိအိမ်၌သာ နေထိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဆင့်ဆင့်အား ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား (ရုပ်သံ)

သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်သူများ မိမိအိမ်၌သာ နေထိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် အုပ်ချုပ်ရေးအဆင့်ဆင့်အား ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား (ရုပ်သံ)
Published 4 April 2020

သင်္ကြန်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရန်မှအပ မိမိအိမ်မှာသာ နေထိုင်ခြင်းလုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး ကြပ်မတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးဟိန်းက လက်မှတ်ရေးထိုးကာ ဧပြီ ၂ ရက် ရက်စွဲဖြင့် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီများသို့ ညွှန်ကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။