ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ တရားစွဲခဲ့သည့် သတင်းထောက် တစ်ဦးနှင့် ဒေသခံ နှစ်ဦးတို့ကို အလုပ်နှင့် ထောင်နှစ်နှစ်စီ ချ

ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ တရားစွဲခဲ့သည့် သတင်းထောက် တစ်ဦးနှင့် ဒေသခံ နှစ်ဦးတို့ကို အလုပ်နှင့် ထောင်နှစ်နှစ်စီ ချ
Published 4 April 2020

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၄၇၊ ၃၃၂၊ ၁၁၄ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရတဲ့ အလွတ်တန်း သတင်းထောက် တစ်ဦးနှင့် အောင်သပြေကျေးရွာမှ ဒေသခံ နှစ်ဦးတို့ကို ဧပြီ ၃ ရက်က ပုသိမ်ကြီးမြို့နယ် တရားရုံးကနေ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။