COVID-19 ကြောင့် ဧပြီလ တစ်လအား အနိမ့်ဆုံး လုပ်ခလစာဖြင့် အလုပ်ပိတ်ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံ သုံးရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြ

COVID-19 ကြောင့် ဧပြီလ တစ်လအား အနိမ့်ဆုံး လုပ်ခလစာဖြင့် အလုပ်ပိတ်ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံ သုံးရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြ
Published 4 April 2020

COVID-19 ရောဂါကြောင့် ဧပြီလ တစ်လအား အနိမ့်ဆုံး လုပ်ခလစာနဲ့ အလုပ်ပိတ်ပေးဖို့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဘရိုက်ဘက်အန်တာပရိုက်(စ်) (မြန်မာ) ကျောပိုးအိတ်ချုပ်စက်ရုံ၊ Rainwear House စက်ရုံနဲ့ Blue Diamond အိတ်ချုပ်စက်ရုံတွေရှိ အလုပ်သမားတွေဟာ စက်ရုံတွေရှေ့မှာ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၃ ရက်နေ့တွေက စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေကြပါတယ်။