ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ပတ်သက်၍ တရုတ်က သတင်းမှန်ထုတ်ပြန်ခဲ့ခြင်း မရှိဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြ
တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ အတိုင်းအတာကို ဖုံးကွယ်ထားခဲ့ပြီး ကူးစက်ခံရသူတွေနဲ့ သေဆုံးသူ အရေအတွက်ကိုလည်း ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးခဲ့ခြင်း မရှိကြောင်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက အိမ်ဖြူတော်ကို ပေးပို့ခဲ့တဲ့ လျှို့ဝှက်အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူသုံးဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။