COVID-19 Case -15 လူနာ၏ အသက် ၈ နှစ်နှင့် ၁၀ နှစ်အရွယ် သားသမီးနှစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ရောဂါကူး
နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ ဗဟန်းမြို့နယ်မှာ နေထိုင်သူ အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးမှာ COVID -19 တွေ့ရှိကြောင်း မတ် ၃၁ ရက်က အတည်ပြုခဲ့ပြီးနောက် သူမ ရဲ့ အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် သားသမီးနှစ်ဦးအပါအဝင် မိသားစုဝင်လေးဦးကို စောင့်ကြည့် စစ်ဆေးခဲ့ရာမှာ အားလုံးရောဂါပိုးတွေ့ရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။