PPE ဝတ်စုံဖြန့်ဖြူးပေးထားမှုအဖြစ် နိုင်ငံတွင်းဗဟိုအဆင့် ဆေးရုံကြီး ၂၅ ရုံအတွက် ဝတ်စုံ ၃၅၀၀ နှင့် တိုင်းနှင့်ပြည်နယ်အားလုံးရှိ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအတွက် ဝတ်စုံ ၄၀၀၀ သာရှိ
COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံဖြန့်ဖြူးပေးထားမှုအဖြစ် နိုင်ငံတွင်း ဗဟိုအဆင့်ဆေးရုံကြီး ၂၅ ရုံအတွက် ဝတ်စုံ ၃၅၀၀ နှင့် တိုင်းနှင့်ပြည်နယ် အားလုံးရှိ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဝတ်စုံ ၄၀၀၀ ဖြန့်ဖြူးပေးထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ဒီနေ့ မွန်းလွဲ ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။