တိကျသော ထိန်းချုပ်ကန့်သတ်မှုနည်းလမ်းများကို အစောပိုင်းတွင် ထိရောက်စွာချထားနိုင်လျှင်ပင် ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကြောင့် ၁.၈ သန်းကျော် သေဆုံးနိုင်ဟု ခန့်မှန်း
တိကျတဲ့ ထိန်းချုပ်ကန့်သတ်မှုနည်းလမ်းတွေ၊ ဗိုင်းရပ်စ်ကို ရပ်တန့်နိုင်ဖို့ လျင်မြန်အားကောင်းတဲ့နည်းလမ်းတွေကို ကျင့်သုံးနေပေမယ့် အခုနှစ်အတွင်း ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁.၈ သန်းကျော်နိုင် တယ်လို့ မတ်လ ၂၆ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ဗြိတိန်နိုင်ငံ Imperial College ရဲ လေ့လာချက်တစ်ရပ်မှာ ခန့်မှန်းထားပါတယ်။