COVID - 19 ကာကွယ်နိုင်သော ကျန်းမာရေးအထောက်အကူပြုယာဉ်ကို မြိတ်မြို့တွင် ဖန်တီး
COVID - 19 ကာကွယ်နိုင်တဲ့ ကျန်းမာရေးအထောက်အကူပြုယာဉ်တစ်စီးကို မြိတ်မြို့မှာ ဖန်တီးနိုင်ခဲ့ပြီး တခြားမြို့ တွေအတွက် လိုအပ်လာပါက လက်ခမယူဘဲ အခမဲ့တပ်ဆင်ကူညီပေးသွားမယ်လို့ သိရပါတယ် ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာ ကပ်ရောဂါသဖွယ်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို ကာကွယ်နိုင်ဖို့အတွက် သတိပြုဖို့ နှိုးဆော်ချင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အခြေခံအချက်တွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ထားချက်တွေအတိုင်း - လူစုလူဝေးနဲ့ လူထူထပ်သော နေရာတွေကို ရှောင်ကြဉ်ပါ - အာဟာရပြည့်ဝစုံလင်အောင် စားသုံးပြီး အိပ်ရေးဝအောင် အိပ်ပါ။ - တကယ်လို့ သံသယဖြစ်ဖွယ်လူနာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပေးခြင်း အားဖြင့် ကူညီပါ စတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။