မော်လမြိုင်မြို့တွင် အချုပ်ထောင်၊ ဘူတာ၊ အဝေးပြေးကားဝင်းများနှင့် ဈေးကြီးများကို ပိုးသတ်ဆေးများဖျန်း
COVID – 19 နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှုအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လူစုလူဝေးရှိတဲ့ အချုပ်ထောင်၊ မော် လမြိုင်ဘူတာကြီး၊ အဝေးပြေးကားဝင်း နှစ်ခုနဲ့ ဈေးကြီး နှစ်ခုတို့ကို မတ် ၂၄ ရက်နဲ့ ၂၅ ရက် ညပိုင်းတို့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပေးတဲ့ ပိုးသတ်ဆေးတွေကို မီးသတ်ဦးစီးဌာနနဲ့ လူမှုရေးအဖွဲ့တွေက ပူးပေါင်းပက်ဖျန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။