ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရင်ဂျီကျွန်းအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အပန်းဖြေနေရာများအားခရီးသွားလာမှု ပိတ်သိမ်းရန် ဆုံးဖြတ်
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်တွေ့ရှိပြီဖြစ်တာကြောင့် ချောင်းသာ၊ ငွေဆောင်နှင့် ဂေါ်ရင်ဂျီကျွန်းအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အပန်းဖြေနေရာများအား (မတ် ၂၄ ရက်) နံနက်မှစတင်ကာ ခရီးသွားလာမှု ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်လိုက်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်