မြဝတီနယ်စပ်ဂိတ် မှ ဝင်ရောက်လာသည့် ထိုင်းပြန် မြန်မာအလုပ်သမားတစ်ဦးတွင် အဖျားတွေ့ရှိ၍ မုံရွာဆေးရုံကြီးသို့ ပို့ထား

မြဝတီနယ်စပ်ဂိတ် မှ ဝင်ရောက်လာသည့် ထိုင်းပြန် မြန်မာအလုပ်သမားတစ်ဦးတွင် အဖျားတွေ့ရှိ၍ မုံရွာဆေးရုံကြီးသို့ ပို့ထား
Published 23 March 2020

မတ်လ ၂၃ရက်နေ့က ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိလာတဲ့ ထိုင်းပြန်မြန်မာအလုပ်သမားတစ်ဦးမှာ အဖျားတွေ့ရှိခဲ့တဲ့အတွက် ၎င်းကို မုံရွာဆေးရုံကြီးမှာ ထားရှိသွားမှာ ဖြစ်ပြီး သူနဲ့အတူ ပြန်လာသူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းကျန်းမာရေးဌာန အထူးရောဂါနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ဒေါက်တာကျော်သူဆွေရဲ့ ပြောကြားချက်အရ သိရပါတယ်။