ဂျာမနီအဓိပတိအန်ဂျလာမာကယ် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည့်ဆရာဝန်နှင့်ထိတွေ့ခဲ့သည့် အတွက်အိမ်တွင် ခြေချုပ်နေထိုင်နေရ

ဂျာမနီအဓိပတိအန်ဂျလာမာကယ် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည့်ဆရာဝန်နှင့်ထိတွေ့ခဲ့သည့် အတွက်အိမ်တွင် ခြေချုပ်နေထိုင်နေရ
Published 23 March 2020

ဂျာမနီနိုင်ငံရဲ့ အဓိပတိအန်ဂျလာမာကယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ ဆရာဝန်နဲ့ ထိတွေ့မိထားတဲ့ အတွက် မတ်လ ၂၂ ရက်ကအိမ်မှာခြေချုပ်ချနေထိုင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့်အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ မာကယ်ဟာအိမ်ကနေ အလုပ်တာဝန်တွေကို ဆက်လုပ်သွားမှာဖြစ်ပြီး နောက်ထပ်ရက်အနည်းငယ်အတွင်း ရောဂါစစ်ဆေးမှုတွေလုပ်သွားမယ်လို့ သူမရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။