တိုက်ပွဲများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်တွင် စပါးအထွက်နည်းလာပြီး စားသုံးမှု ဖူလုံရန် ဆန်တန်ချိန် ငါးသိန်းခန့် လိုအပ်နေဟုဆို
တိုက်ပွဲများကြောင့်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်အတွင်း စပါးအထွက်နည်းပါးလာပြီး စားသုံးမှုဖူလုံဖို့ ဆန်တန်ချိန် ငါးသိန်းခန့်လိုအပ်နေတယ်လို့ မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့၊ အာရီယန်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ မြေယာစစ်တမ်းနှင့် တောင်သူလယ်သမားရေးရာ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပြောကြားခဲ့ပါတယ်။