မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၌ မြန်မာနိုင်ငံတွင်ပထမဆုံး လေအေးစက်ပါ လေအိတ်ရထားခရီးစဉ်သစ် စတင်ပြေးဆွဲ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက မန္တလေး-မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ Dawonsys Co. Ltd., မှ မှာယူတင်သွင်းထားတဲ့ လေအေးပေးစက်ပါ လေအိတ်တွဲဆိုင်း အသစ်များဖြင့် ရထား ခရီးစဉ် သစ် စတင်ပြေးဆွဲခြင်းကို မတ် ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်