ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရေး ငွေချေးမည်
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ဂျပန်ယန်း ဘီလီယံ ၄၀ ကျော်နှင့် မန္တလေး-မြစ်ကြီးနာ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရေးကိစ္စရပ်များနှင့်ပတ်သက်လို့ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က မတ် ၁၈ ရက်တွင် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။