ပိတ်ဆို့ကန့်သတ်ချက်များကြောင့် သြစတြေးလျလေကြောင်းလိုင်းကွမ်တက်စ်က အပြည်ပြည်ဆိုင်ရာသို့ပြေးဆွဲမှု ၉၀ ရာခိုင်နှုန်း လျှော့ချမည်
ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်နွှယ်နေတဲ့ ဆိုက်ရောက်လာသူတွေအပေါ် ကန့်သတ်ချက်အသစ်တွေချမှတ်ခဲ့လို့ သြစတြေးလျကိုလာတဲ့ခရီးသွားလာမှုကျဆင်းသွားတာကြောင့် သြစတြေးလျလေကြောင်းလိုင်းကွမ်တက်စ်ဟာ အနည်းဆုံးမေလကုန်ပိုင်းအထိ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။