ကိုရိုနာကပ်ရောဂါကြောင့် ဖြစ်လာနိုင်သည့် စီးပွားရေးကျဆင်းမှုကို ကျားကန်ရန် နယူးဇီလန်က အမေရိကန်ဒေါ်လာ ၇.၃၁ ဘီလျံ သုံးမည်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်တဲ့ လုပ်ငန်းကမောက်ကမ ဖြစ်မှုတွေကတစ်ဆင့် စီးပွားရေးကျဆင်းမှု နှေးကွေး သွားစေဖို့ ဂျီဒီပီရဲ့၄ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ နယူးဇီလန် ဒေါ်လာ ၁၂.၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၇.၃၁ ဘီလျံ) ကို နိုင်ငံရဲ့စီးပွားရေးထဲသို့ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့မတ်လ ၁၇ ရက်မှာ နယူးဇီလန်အစိုးရက ပြောကြားပါတယ်။