မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းခဲ့ရ၍ လုပ်ငန်းပိုင်ရှင်များအား ကျပ်သိန်း ၆၀၀၀ နီးပါး ပြန်ပေးရ

မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းခဲ့ရ၍ လုပ်ငန်းပိုင်ရှင်များအား ကျပ်သိန်း ၆၀၀၀ နီးပါး ပြန်ပေးရ
Published 18 March 2020

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁၃ ရက်က စတင်ပိတ်သိမ်းလိုက်ရတဲ့ မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်တွင်းမှ လုပ်ငန်းဖျက်သိမ်းပြီးစီးတဲ့ ပိုင်ရှင်တွေကို ၎င်းတို့ ပေးသွင်းခဲ့ရတဲ့ငွေမှ ၆၀ ရာခိုင်နှုန်းကို မတ် ၁၇ ရက်ကစတင်ကာ ပြန်လည်ပေးအပ်နေပြီး စုစုပေါင်း ပြန်လည်ပေးအပ်ရမယ့်ငွေ ကျပ်သိန်း ၆၀၀၀ နီးပါးရှိတယ်လို့ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးထံကနေ သိရပါတယ်။