ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန် တရုတ်၏အဓိကပြန့်ပွားရာနေရာ၌ လူနာသစ်တစ်ဦးသာ ရှိခဲ့ဟု အစိုးရ ထုတ်ပြန် (ရုပ်သံ)
ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းက ကိုရိုနာ ဗိုင်း ရပ်စ်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်ရဲ့ မြို့တော်ဝူဟန်မှာ ကူးစက်လူနာသစ်တစ်ဦးသာရှိခဲ့တယ်လို့ မတ်လ ၁၇ ရက်နေ့မှာ တရုတ်အစိုးရက အတည်ပြုခဲ့ပါတယ်။