အခြေခံပညာကျောင်း၊ကိုယ်ပိုင်ကျောင်း၊ဘာသာရပ်ကိုယ်ပိုင်သင်တန်းများ၊ နွေရာသီရက်တို/ရှည်သင်တန်းများနှင့် သင်ရိုးသစ် သင်တန်းများကို ခေတ္တရပ်ဆိုင်းရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား

အခြေခံပညာကျောင်း၊ကိုယ်ပိုင်ကျောင်း၊ဘာသာရပ်ကိုယ်ပိုင်သင်တန်းများ၊ နွေရာသီရက်တို/ရှည်သင်တန်းများနှင့် သင်ရိုးသစ် သင်တန်းများကို ခေတ္တရပ်ဆိုင်းရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား
Published 17 March 2020

အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ဘာသာရပ်ကိုယ်ပိုင်သင်တန်းတွေ၊ နွေရာသီရက်တိုရက်ရှည်သင် တန်းတွေနဲ့ သင်ရိုးသစ်သင်တန်းတွေကို ခေတ္တရပ်ဆိုင်းထားဖို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားပြီး ဖွင့်လှစ်ရမယ့်အချိန်ကို အခြေအနေပေါ်မူတည်ပြီး ထပ်မံအသိပေးမှာဖြစ်တယ်လို့ သိရပါတယ်။