ဖွဲ့စည်းပုံပြင်နိုင်ရန် တပ်မတော်မပါ အခြားမဲအားလုံးရအောင် အရင်ကြိုးစားနိုင်ပါက ကျန်တစ်မဲအတွက် အသနားခံပေးမည်ဟု သမ္မတရုံးဝန်ကြီးဟောင်း ဆို
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့ တပ်မတော်အပါအဝင် အခြားနိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေရဲ့ ထောက်ခံမှုရှိလာနိုင်ဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်မယ့်သူ လိုအပ်တယ်လို့ သမ္မတရုံးဝန်ကြီးဟောင်းနဲ့ လက်ရှိ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောပါတယ်။