ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ ပြည်သူတွေ စိုးရိမ်မှုကို အသုံးချတဲ့ စီးပွားရေးသမားများအား အရေးယူမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
COVID-19 ကာကွယ်ရေးအတွက် ဧပြီလကုန်အထိ စီမံချက်များချကာ နိုင်ငံတော်အစိုးရက ဆောင်ရွက်သွားမယ့်နောက် စိုးရိမ်မှုလွန်ကဲကာ စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှုများ ရှိနေတဲ့အတွက် စီးပွားရေးသမားများအနေဖြင့် အခွင့်ကောင်းမယူဖို့နဲ့ အဲ့ဒီလိုလုပ်ရင် အရေးယူခြင်းတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်အရ သိရပါတယ်။