COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်း ကော်မတီများ ဖွဲ့
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီတွေကို မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပါတယ်။