ဗဟိုဘဏ်က ဈေးပြိုင်လေလံဖြင့် နှစ်ကြိမ် အမေရိကန်ဒေါ်လာ ကိုးသန်းဖိုး ဝယ်ပြီးနောက် နာရီပိုင်းအတွင်း တစ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၅၀ ဝန်းကျင်ပြန်ဖြစ်လာ
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာ ၁၃၀၀ အောက် ရောက်ရှိလာတဲ့အတွက် ဒီကနေ့ မတ်လ ၁၀ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဈေးပြိုင်လေလံနဲ့ နှစ်ကြိမ်အမေရိကန်ဒေါ်လာ ကိုးသန်းဖိုး ဝယ်ယူပြီးနောက် မတ်လ ၁၀ ရက် ညနေပိုင်းဈေး ဒေါ်လာလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်တွင်း ငွေကြေးဈေးကွက်က သိရပါတယ်။