အမေရိကန်ရှိ စာသင်ကျောင်း အများဆုံးရှိရာ ရပ်ကွက်တွင် ကျောင်းသားမိဘတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်မှု လုပ်ခဲ့ပြီးနောက် ကျောင်းများပိတ်ခဲ့

အမေရိကန်ရှိ စာသင်ကျောင်း အများဆုံးရှိရာ ရပ်ကွက်တွင် ကျောင်းသားမိဘတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်မှု လုပ်ခဲ့ပြီးနောက် ကျောင်းများပိတ်ခဲ့
Published 11 March 2020

ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် ဆက်ခရာမန်တိုရဲ့ အပြင်ဘက်၊ ပြည်နယ်တွင်း ပဉ္စမမြောက် အကြီးဆုံး ကျောင်းရပ်ကွက်ဖြစ်တဲ့ အယ်လ်ဂရို့ယူနီဖိုင်း (The Elk Grove Unified ) ရပ်ကွက်မှာ ကျောင်းသားမိဘ တစ်ဦးကို ကျန်းမာရေး တာဝန်ရှိသူတွေက ရောဂါခြေချုပ်နဲ့နေဖို့ ညွှန်ကြားခဲ့ပြီးနောက် အဲ့ဒီရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်း ၆၇ ကျောင်းကို သီတင်းတစ်ပတ် ပိတ်ဖို့ တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။