မတ်လ ၁၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအပြီးတွင် ကော်မတီအဖွဲ့ဝင်တစ်ချို့ အပြောင်းအလဲပြုလုပ်မည်
လာမယ့် မတ်လ ၁၂ ရက်တွင် ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးအပြီးမှာ UPDJC အဖွဲ့ဝင်တစ်ချို့ အပြောင်းအလဲပြုလုပ်သွားမယ်လို့ သိရပါတယ်။