➡ စစ်ကိုင်းမြို့ ဧမြဝတီရပ် ဧရာဝတီဆိပ်ကမ်းနဖူးရှိ အစေခံခံတပ်အနီးက ရှေးဘုရင်မင်းတို့၏ လှေတပ်ဆိုက်ကပ် ရပ်နားရာ ပဲ့နင်းဘုရား ပရဝဏ်အတွင်းက ထူးခြားသည့် ဘဲဥထုပွဲတော် ၊
➡ ကြေးဘုရားကြီးပွဲနှင့် ဘဲဥထုပွဲပုံရိပ်များသည် သမိုင်းနောက်ခံ ဝိုးတဝါးဆီဆေး ပန်းချီကားချပ်ပေါ်မှ ကောက်ကြောင်းများကဲ့သို့ ထူးခြားသော ပုံရိပ်တို့ဖြင့် ဖမ်စားမှုတွေ ပြည့်နှက်နေကြောင်း ဒီအစီအစဉ်ကနေမြင်တွေ့ခံစားရမှာပါ ။