မန္တလေး၊မြို့သာဆေးခြောက်စိုက်ခင်းဖြစ်စဉ်တွင် ဖမ်းဆီးတရားစွဲခံထားသည့် စိုက်ခင်းမန်နေဂျာအား ထောင်ဒဏ်နှစ် ၂၀ အမိန့် ချမှတ်
မန္တလေးမြို့၊ မြို့သာဆေးခြောက်စိုက်ခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးဖမ်းဆီးတရားစွဲဆိုထားတဲ့စိုက်ခင်းမန်နေဂျာဆိုသူ ကိုရှိန်းလတ်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ (က)အရ ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၉(က) အရ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကိုတစ်ပေါင်းတည်းကျခံစေရန် မတ်လ ၁၀ ရက်နေ့က မြင်းခြံခရိုင်တရားရုံးက အမိန့် ချမှတ်ခဲ့ပါတယ်။