ကိုရိုနာဗိုင်းရပ်စ်သံသယလက္ခဏာများတွေ့ရှိခဲ့သည့် အမျိုးသားကို ကုသပေးခဲ့သော မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနမှ ဆရာဝန် အဖျားလက္ခဏာဖြစ်လာ၍ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်စောင့်ကြည့် (ရုပ်သံ)
ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာတွေတွေ့ရှိခဲ့ရတဲ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကအမျိုးသားကို ကုသပေးခဲ့တဲ့ မန္တလေးဆေးရုံကြီး၊ အရေးပေါ်ဌာနက ဆရာဝန်ကို မတ်လ ၈ ရက်နေ့ နံနက် ၂နာရီခွဲခန့်က ကန်တော်နဒီဆေးရုံကိုပို့ဆောင်ကာ စောင့်ကြည့်နေတယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကနေ သိရပါတယ်။