သာစည်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်တန်ကြေးရှိ မူးယစ်ဆေးဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံများကို မင်္ဂလာဒုံမြို့နယ်တွင်ထပ်မံဖမ်းဆီးရမိ
သာစည်မြို့နယ်မှာ မတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိတဲ့ ငွေကျပ်သိန်းပေါင်း၁၁၆၀၅.၈၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှုမှ ကွင်းဆက်တရားခံများအား မင်္ဂလာဒုံမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ် ။